Covid-19 Protection



Logistic သည် Supply Chain ၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်ပြီး (24/ 7) ဆောင်ရွက်ရသော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ Supply Chain ကွင်းဆက်ပြတ်သွားပါက စီးပွားရေးလုပ်ငန်းများကို အထူးထိခိုက်စေနိုင်မှာဖြစ်ပါသည်။ ထိုသို့ မဖြစ်စေရေးအတွက် EFR Group သည် Customer များ၏ အကျိုးစီးပွားကို ဦးထိပ်ထားကာ မိမိဝန်ထမ်းများလည်း ဘေးကင်း စေရမည်ဟူသောမူကိုချမှတ်၍ COVID-19 နှင့်ရင်ဆိုင်နေရစဉ်ကာလအတွင်းတွင် မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ EFR Group လက်အောက်ရှိ Business Units များအားလုံးကို ယခင်အတိုင်း အရှိန်အဟုန် မပျက်ဆောင်ရွက်ဆောင်ရွက်နိုင်စေရန် အောက်ဖော်ပြပါအတိုင်း စီစဉ်ဆောင်ရွက်လျက်ရှိပါသည်-

 

(က) ရုံးဝန်ထမ်းများအလုံးနှင့် ရုံးသို့လာရောက်သော Customer များအလုံးကို အခြေခံကျန်းမာရေးအတွက် လိုအပ်ချက်များဖြစ်သော ရုံးသို့မဝင်ခင် အပူချိန်တိုင်းတာစစ်ဆေးခြင်း၊ အမြဲထိတွေ့ကိုင်တွယ်နေရသောလက်များအား ဗိုင်းရပ် များမကပ်တွယ်၊ မကူးစက်မပြန့်ပွားနိုင်စေရန်အတွက် မကြာခဏအလွယ်တကူလက်ဆေးနိုင်ရန် လက်ဆေးဆပ်ပြာများ၊ Hand Gel များရုံးတွင်အလုံအလောက်ထားရှိပေးခြင်း၊ Mask များအလုံအလောက်ထောက်ပံ့ထားရှိခြင်း၊ လိုအပ်သောဆေးဝါးများ၊ အရေးပေါ်အောက်စီဂျင်ဘူးများထားရှိခြင်းတို့ကို ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။

(ခ) Business Continuity Plan (BCP) များချမှတ်ထားရှိပြီး Work From Home (WFH) လုပ်ငန်းစဉ်ကိုလဲ ဆောင်ရွက်နိုင်ရန် လိုအပ်သော Internet Facilities များ၊ Computer များ၊ Communication အတွက်လိုအပ်ချက်များအပြင် COVID-19 မကူးစက်မပြန့်ပွားစေရန်လိုအပ်သော Social Distance ကိုလဲ စီစဉ်အကောင်အထည်ဖော် ဆောင်ရွက်ထားရှိပြီး ဖြစ်ပါသည်။ အကယ်၍ ကျန်းမားရေးဝန်ကြီးဌာန၏ညွန်ကြားချက်အရ ရုံးများအလုံးစုံပိတ်ခဲ့ရလျှင်လဲ Board of Directors နှင့် Management Heads များသည် Conference Meeting များနေ့စဉ် ဆောင်ရွက်ခြင်း၊ အခြား Communication Channels များအသုံးပြုခြင်းတို့ဖြင့် လုပ်ငန်းများဆက်လက်အဆင်ပြေချောမောစေရန် စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။

(ဂ) ဝန်ထမ်းများကိုလည်း အလှည့်ကျရုံးတက်နေစဉ်ကာလအတွင်း ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် Public Transportation ကိုမသုံးစေဘဲ ရုံးဖယ်ရီများကို ရုံးတက်၊ ရုံးဆင်း အကြိုအပို့နှစ်ခုစလုံးအပြည့်အဝ စီစဉ်ဆောင်ရွက်ထားရှိ ပြီးဖြစ်သည့်အပြင် လခနည်းဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် ဆီသွတ်ဘူးများကို ထောက်ပံ့ဆောင်ရွက်ပေးထားပြီးဖြစ်ပါသည်။ ယခုလို COVID-19 နှင့်ကြုံတွေ့နေရသောကာလတွင် အများပြည်သူများအတွက် ရှေ့တန်းကတိုက်ပွဲဝင်ကူညီဆောင်ရွက်ပေးနေသော ကျန်းမာရေးဝန်ထမ်းများအတွက်ကိုလဲ Personal Protective Equipment (PPE) ဝတ်စုံများကို ရောဂါတိုက်ဖျက်ရေး(ဗဟို)သို့ လှူတန်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။


Related News

Yangon Stock Exchange Listed Approval


“Announcement on Change in Scheduled Listing Date”


Announcement of Listing Date





Call Us

09 889948890 .01 9544076 , 01 9544077

Address

7A, 7th Floor, EFR Building , No. 941, Corner of Shukhintha Mayopat Road and Myoma 11th Street, North 4th Ward, Thakayta Township, Yangon Region.

Email

info@efrgroupmm.com
Copyright © 2023 E.F.R | All rights reserved.