“စာရင်းဝင်နေ့ရက်ပြောင်းလဲခြင်းအား အသိပေးကြေညာခြင်း” တန်ဖိုးထားရပါသော အစုရှယ်ယာရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် အလား အလာရှိသော ရင်းနှီးမြှုပ်နှံသူများခင်ဗျာ ကျွန်ုပ်တို့၏ ကုမ္ပဏီ (Ever Flow River Group Public Co., Ltd.) သည် စာရင်းဝင်နေ့ရက် (အစုရှယ်ယာစတင်အရောင်းအဝယ်ပြုလုပ်မည့်နေ့ရက်) နှင့် စာရင်းဝင်ခြင်းအခမ်းအနားအား (၂၀–၃–၂၀၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားရှိသော်လည်း ယခုအခါ နိုင်ငံတော် သမ္မတရုံးမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization) ၏ (၁၁-၃-၂၀၂၀) ရက်နေ့ ထုတ်ပြန်ချက်နှင့်အညီ အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ COVID-19 ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး လူစုလူဝေးမပြုလုပ်ရန်နှင့် ကြိုတင်ကာကွယ်မှု ပြုလုပ်နိုင်ရန် အထူးဂရုပြုလိုက် နာနိုင်ရေးအတွက် အခမ်းအနားများအား (၃၀-၄-၂၀၂၀) ရက်နေ့ထိ ကျင်းပခွင့်မပြုဘဲ ရပ်ဆိုင်း ထားနိုင်ရေး ညွှန်ကြားချက်များပြုလုပ်လျက်ရှိပါသဖြင့် လိုက်နာဆောင်ရွက်ရန် အထူးလိုအပ် လျက်ရှိပါသည်။
Ever Flow River Group Public Co., Ltd. ၏သတင်းမီဒီယာများနှင့်တွေ့ဆုံပွဲကို ၂၀၂၀ခုနှစ်၊ မတ်လ ၆ ရက်နေ့၊နေ့လည် ၁နာရီအချိန်တွင် ရန်ကုန်စတော့အိပ်ချိန်း၌ ကျင်းပပြုလုပ်ခဲ့ပြီးကုမ္ပဏီ၏ ရန်ကုန်စတော့အိပ်ချန်းတွင်စာရင်းဝင်ခြင်းနှင့် စပ်လျဉ်းသည့် အကြောင်းအရာအချက်အလက် များနှင့် ဘက်စုံထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းနယ်ပယ် (Logistics Industry)တွင် လုပ်ငန်းလုပ်ဆောင်နေမှုများ၊
Ever Flow River Group Public Co., Ltd. (EFR) သည် Yangon Stock Exchange (YSX) တွင် ၆ ခုမြောက်စာရင်းဝင်ကုမ္ပဏီအဖြစ် ဝင်ရောက်သည့်အထိမ်းအမှတ်အနေဖြင့် Director အဖွဲ့ဝင်များ ဝန်ထမ်းများ နှင့် ခုနှစ်ရက်သားသ္မီး အလှူရှင်များမှစုပေါင်း၍ Oxford ဆရာတော် ပါမောက္ခ ဒေါက်တာ အရှင်ဓမ္မသာမိ ထံသို့ ပိဋကတ်သုံးပုံ (Original)ကို သဒ္ဒါတရားထက်သန်စွာဖြင့် ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။
ကျွန်တော်တို့ Ever Flow River Group Public Co., Ltd. သည် Yangon Stock Exchange ( YSX ) တွင် Listed Company အဖြစ် ၀င်ရောက်သွားပြီ ဖြစ်တဲ့ အတွက် EFR Group Public မှ အထူးပင် ဂုဏ်ယူ၀မ်းမြောက်ရပါသည်
E.F.R Group Family ရဲ့ ဒသမအကြိမ်မြောက် ကထိန်အလှူပွဲကို ၁ရက်၊ နိုဝင်ဘာလ၊ ၂၀၁၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။