“Announcement on Change in Scheduled Listing Date”



“စာရင်းဝင်နေ့ရက်ပြောင်းလဲခြင်းအား အသိပေးကြေညာခြင်း”

တန်ဖိုးထားရပါသော အစုရှယ်ယာရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် အလား အလာရှိသော ရင်းနှီးမြှုပ်နှံသူများခင်ဗျာ

ကျွန်ုပ်တို့၏ ကုမ္ပဏီ (Ever Flow River Group Public Co., Ltd.) သည် စာရင်းဝင်နေ့ရက် (အစုရှယ်ယာစတင်အရောင်းအဝယ်ပြုလုပ်မည့်နေ့ရက်) နှင့် စာရင်းဝင်ခြင်းအခမ်းအနားအား (၂၀၂၀၂၀) ရက်နေ့တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားရှိသော်လည်း ယခုအခါ နိုင်ငံတော် သမ္မတရုံးမှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization) ၏ (၁၁-၃-၂၀၂၀) ရက်နေ့ ထုတ်ပြန်ချက်နှင့်အညီ အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ COVID-19 ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး လူစုလူဝေးမပြုလုပ်ရန်နှင့် ကြိုတင်ကာကွယ်မှု ပြုလုပ်နိုင်ရန် အထူးဂရုပြုလိုက် နာနိုင်ရေးအတွက် အခမ်းအနားများအား (၃၀-၄-၂၀၂၀) ရက်နေ့ထိ ကျင်းပခွင့်မပြုဘဲ ရပ်ဆိုင်း ထားနိုင်ရေး ညွှန်ကြားချက်များပြုလုပ်လျက်ရှိပါသဖြင့် လိုက်နာဆောင်ရွက်ရန် အထူးလိုအပ် လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ EFR ကုမ္ပဏီ၏ စာရင်းဝင်နေ့ရက်နှင့် စာရင်းဝင်ခြင်းအခမ်းအနားနှင့် ညစာစားပွဲအား ဧပြီလ ၃၀ ရက်နေ့နောက်ပိုင်းမှသာ ပြုလုပ်နိုင်မည်ဖြစ်သည့်အတွက် မေလအတွင်းသို့ ရွှေ့ဆိုင်းသွားမည် ဖြစ်ကြောင်းနှင့် သက်ဆိုင်သည့်နေ့ရက်များကို နိုင်ငံတော်၏ လမ်းညွှန်ချက်များနှင့်အညီ ရောဂါကာကွယ်ရေးပြုလုပ်မှု အခြေအနေပေါ်မူတည်၍ ရန်ကုန်စတော့ အိပ်ချိန်းဝက်ဆိုဒ် (Website) မှတဆင့် ရင်းနှီးမြှုပ်နှံသူများအား အချိန်နှင့်တပြေးညီ ကြိုတင် အကြောင်းကြားချက်များ ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။

 

ပိုမိုရှင်းလင်းစွာ သိရှိနိုင်ရန် အောက်ပါဇယားအား ကြည့်ရှုနိုင်ပါသည်

အရေးပါသည့် နေ့ရက်များ

စာရင်းဝင်နေ့ရက် (မပြောင်းလဲခင်) ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၀ ရက်
စာရင်းဝင်နေ့ရက် (ပြောင်းလဲပြီး) ၂၀၂၀ ပြည့်နှစ်၊ မေလအတွင်း

(နေ့ရက်အတိအကျအား အတည်ပြုပြီးပါက ထပ်မံ ထုတ်ပြန် သွားပါမည်။

အခြေခံစျေးနှုန်း စာရင်းဝင်နေ့ရက်မတိုင်မီ ထပ်မံ ထုတ်ပြန်သွားပါမည်။

Contact:

Yangon Stock Exchange/ Ever Flow River Group Public Co., Ltd.

Tel: (+95)-1-371167, (+95)-1-203715