YSX’s 6th Listed Company: Ever Flow River Group Public Co., Ltd. (EFR)



၂၀၂၀ ပြည့်နှစ် မေလ (၂၈) ရက်နေ့မှာဆိုရင် Ever Flow River Group Public Co., Ltd. (EFR) ဟာ ရန်ကုန်စတော့အိပ်ချိန်း၏ (၆)ခုမြောက် စာရင်းဝင်ကုမ္ပဏီအဖြစ် မှတ်တမ်းဝင်သွားတော့မှာ ဖြစ်ပါ တယ်……

စတော့ဈေးကွက်အတွင်း အသစ်ဝင်ရောက်လာတဲ့ EFR ကုမ္ပဏီရဲ့ လုပ်ငန်းသဘောသဘာဝကို အများပြည်သူ ရင်းနှီးမြှုပ်နှံလိုသူများ သိရှိနိုင်စေရန်နဲ့ ကုန်စည်ပိုဆောင်ရေး ကဏ္ဍတွင် ပထမဆုံး စာရင်းဝင်ကုမ္ပဏီ အဖြစ် မည်သိုမည်ပုံ ကြိုးပမ်းဆောင်ရွက်ခဲ့ရပုံများ၊ ကုမ္ပဏီရဲ့ ရှေ့ဆက်လုပ်ဆောင်သွား မယ့် ကိစ္စရပ်များကို အဆိုပါ ကုမ္ပဏီ၏ ဥက္ကဌ၊ ဦးကျော်လွင်ဉီး မှ ရှင်းလင်း ပြောပြ ထားသောVideoလေးကိုတင်ပြလိုက်ပါတယ်…

 

ဒါကြောင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် EFR ကုမ္ပဏီ၏ အစုရှယ်ယာများကို ၂၀၂၀ ပြည့်နှစ် မေလ (၂၈) ရက်နေ့မှစတင်ပြီး ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကုမ္ပဏီများ မှ တဆင့် စတင် ဝယ်ယူ ရင်းနှီး မြှုပ်နှံ နိုင်တော့မှာဖြစ်ကြောင်းလည်းအသိပေးကြေငြာအပ်ပါတယ်…

နောက်ရက်များမှာလည်း EFR ကုမ္ပဏီ စာရင်းဝင်ရောက်လာခြင်းအတွက် အများပြည်သူ ရင်းနှီး မြှုပ်နှံ သူများ သိသင့်သိထိုက်သော သတင်းအချက်အလက်များကို Video လေးများဖြင့် ဝေမျှပေးမှာ ဖြစ်လို Yangon Stock Exchange ၏ Facebook Page တွင် အမြဲစောင့်ကြည့်ပေးနိုင်ပါတယ်…

Credit #YSX

https://www.facebook.com/ysx.myanmar/videos/684888495686090/?__tn__=-R