News /
Press
release
/
UN Global Compact Network ၌ အဖွဲ့ဝင်ဖြစ်လာခြင်းအား အသိပေးကြေညာခြင်း
UN Global Compact Network ၌ အဖွဲ့ဝင်ဖြစ်လာခြင်းအား အသိပေးကြေညာခြင်း
22
Jul, 2020
Ever Flow River Group Public Co., Ltd. (EFR) ၏ ဒါရိုက်တာအဖွဲ့အနေဖြင့် အစုရှယ်ယာ ရှင်များသို့ အသိပေးလိုသည်မှာ ကုမ္ပဏီသည် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁ ရက်နေ့မှစ၍ UN Global
Compact Network အဖွဲ့တွင် လူ့အခွင့်အရေး၊ အလုပ်သမားဆိုင်ရာအခွင့်အရေး၊ ပတ်ဝန်းကျင်နှင့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အစရှိသည့် အခြေခံလိုက်နာရမည့် မူ(၁၀)ချက် ဖြစ်သော
‘နိုင်ငံတကာမှ ထုတ်ပြန်ကြေငြာထားသည့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုကို ထောက်ခံပံ့ပိုး ခြင်း’၊ လူ့အခွင့်အရေးဆိုင်ရာချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်မှုမရှိရေး၊ ‘လွတ်လပ်စွာ
အသင်း အဖွဲ့ ဖွဲ့စည်းခွင့်နှင့် စုပေါင်းညှိနှိုင်းဆွေးနွေးခွင့်တို့အား ထိရောက်စွာအသိအမှတ်ပြုထိန်းသိမ်းခြင်း၊ ‘အတင်း အဓမ္မစေခိုင်းခြင်းနှင့် မလုပ်မနေရလုပ်အားပေးခိုင်းစေမှုများအား ဖယ်ရှားစေ
ခြင်း၊ ကလေး လုပ်သား စေခိုင်းမှုများအား တိုက်ဖျက်ခြင်း၊ အလုပ်အကိုင်နှင့် လုပ်ကိုင်ဆောင်ရွက်မှုတို့တွင် ခွဲခြား ဆက်ဆံမှု ပပျောက်ရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများအတွက် ကြိုတင်ကာ
ကွယ်မှုအား ထောက်ပံ့ခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာတာဝန်တ္တရားများကို ပိုမိုကောင်းမွန်အောင်အစပြုလုပ်ဆောင် ခြင်း၊ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော နည်းပညာများဖွံ့ဖြိုးတိုးတက်စေရေးနှင့်
ပျံ့နှံ့စေရန် အားပေးခြင်း၊ ခြောက်လှန့် တောင်းယူခြင်းနှင့် လာဘ်ပေးလာဘ်ယူမှုအပါအဝင် အကျင့်ပျက်ခြစားမှု များအားတိုက်ဖျက်ခြင်း’ စသည်တို့နှင့်အညီ အဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့ပါသည်။
ယင်းကဲ့သို့ အဖွဲ့ဝင်ဖြစ်လာခြင်းကြောင့် အခြားအဖွဲ့ဝင်များနှင့် ဆက်သွယ်မှုကွန်ယက် (Network) များရရှိလာခြင်း၊ UN Global Compact Network အဖွဲ့၏ ရေရှည် တည်တံ့ရေးနှင့်ပတ်သက်
သည့်လမ်းညွှန်မှုများရှိလာခြင်းတို့အပြင် မိမိတို့ EFR ကုမ္ပဏီအနေနှင့် အစုရှယ်ယာစျေးကွက်အတွင်းတွင်သာမက နိုင်ငံတကာဘက်စုံထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းလုပ် ဆောင်မှုများတွင်လည်း
သိသာထင်ရှားသည့် အကျိုးသက်ရောက်မှုများ ရရှိစေခြင်းနှင့်အတူ အများ ပြည်သူရင်းနှီးမြှုပ်နှံသူတို့၏ ယုံကြည်မှုကို ပိုမိုဖြစ်ထွန်းစေနိုင်မည်ဖြစ်ပြီး အနာဂါတ်ကာလတွင် လုပ်ငန်းလုပ်ဆောင်မှု
များကို ယခုထက်ပို၍ ပွင့်လင်းမြင်သာမှုရှိလာမည်ဟု ယုံကြည်မိပါကြောင်း အသိပေးကြေညာအပ်ပါသည်။
United Nations Global Compact ၏သတင်းအချက်အလက်
United Nations Global Compact အဖွဲ့ကြီးသည် နိုင်ငံပေါင်း ၁၆၀ ကျော်တွင်ရှိသည့် ကုမ္ပဏီပေါင်း ၁၀,၀၀၀ ကျော်ပါဝင်သည့် အဖွဲ့အစည်းဖြစ်ပီး ကုမ္ပဏီအမှုဆောင်အရာရှိချုပ်များ၏
ကတိကဝတ်များ အပေါ်အခြေခံ၍ ကမ္ဘာလုံးဆိုင်ရာရေရှည်တည်တံ့ခိုင်မြဲမှုများကို အကောင်အထည်ဖော်ခြင်းနှင့် ကုလသမဂ္ဂ၏ရည်မှန်းချက်များကို ထောက်ပံ့ရန်ဆောင်ရွက်နေသောအဖွဲ့အစည်း
တစ်ခုဖြစ်ပါသည်။
အောက်ဖော်ပြပါလင့်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်_
https://www.unglobalcompact.org/what-is-gc/participants/139606
ဒါရိုက်တာအဖွဲ့၏ညွှန်ကြားချက်အရ
မောင်မောင်ဦး
(Vice Chairman)
Recent Posts
အဋ္ဌမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး ဖိတ်ကြားလွှာ
Announcement
1 year ago
သတ္တမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေး ဖိတ်ကြားလွှာ
Announcement
2 years ago
Company Relocation Announcement
Announcement
3 years ago